Dr Lee Chern Siang

Dr Lee Chern Siang

Dr Lee Chern Siang

MBBS (UK), MRCP (UK)

လက်တွေ့စိတ်၀င်စားမှု

ရင်သားကင်ဆာ၊ အစာအိမ်နှင့်အူလမ်းကြောင်းကင်ဆာ၊ အသက်ကြီးကင်ဆာရောဂါ၊ ခုခံအားကုထုံး၊ လက်တွေ့စမ်းသပ်မှုများ။

ကိုယ်ရေးရာဇ၀င်

ဒေါက်တာ Lee သည် ကင်ဆာအထူးကုဆရာ၀န်ကြီးဖြစ်ပါသည်။ ၂၀၀၅ ခုနှစ်တွင် လန်ဒန်ရှိ Barts နှင့် London School of Medicine ၌ မော်လီကျူးဆေးပညာတွင် ထူးချွန်ပထမတန်းဘွဲ့ နှင့်အတူ ဆေးပညာဘွဲ့ကိုရရှိခဲ့ပါသည်။ လန်ဒန်နှင့်ဆောက်သမ်တန်တို့တွင် အလုပ်သင်နှင့် အထွေထွေဆေးပညာသင်တန်းတို့ကိုပြီးဆုံးခဲ့သည်။ ထို့နောက် ၂၀၁၆ ခုနှစ်တွင် UK ရှိ University Hospital Southampton NHS Foundation Trust နှင့် Portsmouth Hospital University NHS Trust တွင် ဆေးဘက်ဆိုင်ရာကင်ဆာအထူးကုသင်တန်းကိုတက်ရောက်ခဲ့သည်။ အထူးကုသင်တန်းဆင်းချိန်တွင် National Institute of Health Research Academic ၏အဖွဲ့၀င်အဖြစ် ခန့်အပ်ခြင်းခံရပြီး၊ Cancer Research UK Clinical Research Fellow အဖြစ် ဘာသာပြန်သုတေသနပြုခွင့်ရရှိခဲ့သည်။

ဒေါက်တာ Lee သည် UK ရှိ ခရိုင်အထွေထွေဆေးရုံများ နှင့် ဆေးပညာရပ်ဆိုင်ရာ သုတေသနဌာနများတွင်  ကင်ဆာဝေဒနာရှင်အမျိုးမျိုးကို ပြုစုကုသပေးသည့် အတွေ့အကြုံရှိပါသည်။ ပထမဆုံးမှနောက်ဆုံးအဆင့်အထိ လက်တွေ့စမ်းသပ်လေ့လာမှုများတွင်ပါ၀င်သည့် ရောဂါရှုပ်ထွေးသောကင်ဆာလူနာများကို ပြုစုကုသခြင်း နှင့် အထောက်အထားပေါ်အခြေခံကုသမှုအတွက် နောက်ဆုံးပေါ်လမ်းညွှန်ချက်များကိုသိရှိပါသည်။ မတူညီသောကင်ဆာအမျိုးအစားများစွာကို နိုင်ငံတကာ ၌စမ်းသပ်ကုသပေးခြင်းတို့တွင်ပါဝင်ခဲ့ပြီး၊ တချို့သောလေ့လာမှုများတွင် အဖွဲ့ခေါင်းဆောင်အဖြစ်ဆောင်ရွက်ခဲ့ပါသည်။

ဒေါက်တာ Lee သည် ရင်သားကင်ဆာ၊ အစာမျိုပြွန်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ ပန်ကရိယကင်ဆာ  (neuroendocrine ကင်ဆာအပါအဝင်)၊ သည်းခြေပြွန်နှင့်သည်းခြေအိတ်ကင်ဆာ၊ အသည်းကင်ဆာ၊ ခုခံအားကုထုံးနှင့် မော်လီကျူးဆေးပညာ၊ လက်တွေ့စမ်းသပ်မှုများ နှင့် လူနာများအားထောက်ခံအားပေးမှု၊ သက်ကြီးရွယ်အိုများတွင် ဖြစ်သောကင်ဆာကုသမှုတို့ကို အထူးစိတ်၀င်စားပါသည်။