Dr Kaushal Amit Sanghvi

Dr Kaushal Amit Sanghvi

Dr Kaushal Amit Sanghvi

MBBS (India), MRCS (UK), M Med (S’pore), FRCSEd (UK), FAMS (S’pore)

လက်တွေ့စိတ်ဝင်စားမှု

အစာအိမ်နှင့်အစာမျိုပြွန်ကင်ဆာ၊ ကိုယ်အလေးချိန်လျော့ခြင်း နှင့် အဝလွန်ခြင်းဆိုင်ရာဆောင်ရွက်ချက်များ၊ Endoscopic Retrograde Cholangio-Pancreatogram (ERCP)။

ကိုယ်ရေးရာဇ၀င်

ဒေါက်တာ Sanghvi သည် အထွေထွေခွဲစိတ်ဆရာ၀န်ကြီးဖြစ်ပါသည်။ ၁၉၉၆ ခုနှစ်တွင် ဆေးပညာဘွဲ့ကိုရရှိခဲ့ပြီး၊ ၂၀၀၈ ခုနှစ်တွင် စင်္ကာပူအမျိုးသားတက္ကသိုလ်မှ ဆေးပညာခွဲစိတ်မှုမဟာဘွဲ့ကိုရရှိခဲ့ပါသည်။ ဒေါက်တာ Sanghvi သည် ၂၀၀၆ ခုနှစ်တွင် အင်္ဂလန် Glasgow ခွဲစိတ်ဆရာ၀န်ကြီးများဆိုင်ရာတော်၀င်ကောလိပ်၏ Intercollegiate အဖွဲ့၀င်အဖြစ် အပ်နှင်းခံရခဲ့ပြီး၊ ၂၀၁၂ ခုနှစ်တွင် Edinburgh ခွဲစိတ်ဆရာဝန်ကြီးများဆိုင်ရာတော်ဝင်ကောလိပ်၏ အသင်း၀င်ဖြစ်ခဲ့ပါသည်။

Raffles ဆေးရုံတွင် တာ၀န်မထမ်းဆောင်မှီ ဒေါက်တာ Sanghvi သည် Tan Tock Seng ဆေးရုံ အထွေထွေခွဲစိတ်ဌာနတွင် အကြီးတန်းအတိုင်ပင်ခံဆရာ၀န်ကြီးဖြစ်ပါသည်။ ၂၀၁၈ မှ ၂၀၂၂ ခုနှစ်အထိ အစာအိမ်လမ်းကြောင်းနှင့်အ၀လွန်ခွဲစိတ်ခြင်း ၀န်ဆောင်မှုအပိုင်းတွင်ခေါင်းဆောင်၊ အ၀လွန်ခွဲစိတ်ခြင်း Program ဒါရိုက်တာတို့ဖြစ်ခဲ့ပါသည်။ အူကျွံခြင်းအတွက် နိုင်ငံအဆင့်အခြေခံကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့တွင်ပါ၀င်ပြီး ကျန်းမာရေးဝန်ကြီးဌာန ကော်မတီအများစုတွင် အဖွဲ့ဝင်တစ်ဦးဖြစ်သည့်အလျောက် မူဝါဒဆုံးဖြတ်ချက်ချမှတ်ရာတွင် ပံ့ပိုးပေးလျက်ရှိပါသည်။

ဆေးဘက်ဆိုင်ရာအသိုင်းအဝိုင်းတွင် စင်ကာပူနိုင်ငံရှိ အဝလွန်ခြင်းနှင့်ဇီဝဖြစ်စဉ်ခွဲစိတ်မှု အသင်းဘုတ်အဖွဲ့တွင် ဘဏ္ဍာရေးမှူးအဖြစ် ၂၀၁၇ မှ ၂၀၁၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ယနေ့အချိန်အထိ ထင်မြင်ချက်နှင့် ကျွမ်းကျင်မှုဆိုင်ရာအပိုင်းတို့တွင် တက်ကြွစွာပံ့ပိုးကူညီပေးလျက်ရှိပါသည်။

ဒေါက်တာ Sanghvi သည် တွဲဖက်ပါမောက္ခ၊ အထွေထွေခွဲစိတ်မှုတွင်အဓိကခေါင်းဆောင်၊ Nanyang Technological Uniiveristy’s Lee Kong Chian ဆေးကျောင်းတွင် ဒုတိယလက်ထောက်ဌာနမှူးတို့ဖြစ်ခဲ့ပြီး၊ ၅ နှစ်မြောက် ဆေးကျောင်းသားများအတွက် ဘွဲ့လွန်သင်တန်းနှင့်ပညာရေးတို့ကို ကြီးကြပ်ပေးခဲ့ပါသည်။

အထွေထွေခွဲစိတ်ကုသမှုအပြင်၊ တခြားစိတ်ဝင်စားမှုများမှာ –

  • အစာအိမ်နှင့်အစာမျိုပြွန်ကင်ဆာ။
  • ကိုယ်အလေးချိန်လျှော့ချခြင်း နှင့် အဝလွန်ခြင်းဆိုင်ရာဆောင်ရွက်ချက်များ။
  • Endoscopic Retrograde Cholangio-Pancreatogram (ERCP)။