ကလေးခွဲစိတ်အထူးကုဆရာဝန်ကြီး။
ကလေးဆိုင်ရာ ကင်ဆာရောဂါနှင့်သွေးရောဂါ။
ဒေါက်တာ Chua သည် 1998 ခုနှစ်တွင် စင်ကာပူအမျိုးသားတက္ကသိုလ်မှ အခြေခံဆေးပညာဘွဲ့ကိုရရှိခဲ့သည်။ အခြေခံခွဲစိတ်ဆိုင်ရာသင်တန်းကို စင်ကာပူတွင် ပြီးဆုံးခဲ့ပြီး၊ ၂၀၀၁ ခုနှစ်တွင် Edinburgh ခွဲစိတ်ဆရာဝန်များဆိုင်ရာ တော်ဝင်ကောလိပ်၏အဖွဲ့ဝင်ဖြစ်ခဲ့သည်။ ဒေါက်တာ Chua သည် KK Women’s နှင့် ကလေးဆေးရုံ ကလေးခွဲစိတ် ဌာန၌ အဆင့်မြင့်ခွဲစိတ်ဆိုင်ရာသင်တန်းကို ၅နှစ်ကြာတက်ရောက်ခဲ့သည်။
ဒေါက်တာ Chua သည် Philadelphia ကလေးအထူးကုဆေးရုံတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ ၂၀၀၈ ခုနှစ် နယူးယောက် Memorial Sloan Kettering Cancer Center တွင် ကလေးကင်ဆာ ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာ Michael LaQuaglia ၏ လမ်းညွှန်သင်ပြမှုအောက်တွင် ကလေးခွဲစိတ်ဆိုင်ရာကင်ဆာဗေဒအဖွဲ့ဝင်သင်တန်းကို ပြီးဆုံးခဲ့သည်။
Raffles ဆေးရုံတွင် တာဝန်မထမ်းဆောင်မှီ KK ဆေးရုံတွင် မွေးကင်းစကလေး နှင့် ကလေးခွဲစိတ်ဆိုင်ရာအခြေအနေ များကို တာဝန်ယူကုသပေးရာ၌ တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ဒေါက်တာ Chua သည် နာမကျန်းကလေးများနှင့်မိသားစုများကို အာရုံစိုက်ပြုစုကုသပေးခဲ့သည့်အတွက် အသိအမှတ်ပြုခံရသည့်အနေဖြင့် Singapore Health Quality Service STAR ဆုကိုချီးမြှင့်ခြင်းခံရခဲ့သည်။ အထွေထွေကလေးခွဲစိတ်ခြင်းအပြင် ဒေါက်တာ Chua သည် ကလေးဆိုင်ရာ ကင်ဆာရောဂါနှင့်သွေးရောဂါတို့ကိုလည်း အထူးစိတ်ဝင်စားသည်။