Dr Ganesan Naidu

Dr Ganesan Naidu

Dr Ganesan Naidu

MBBS (S'pore), FRCS (Edin), FRCS (Edin) (Ortho), FAMS

Raffles အရိုးအထူးကုဌာန။

လက်တွေ့စိတ်ဝင်စားမှု

တင်ပဆုံရိုးနှင့်ပေါင်ရိုးကျိုးခြင်းများ၊ ခြေလက်အင်္ဂါပြန်လည်ခွဲစိတ်ခြင်း နှင့် အဆစ်များတစ်ဝိုက်ကျိုးအက်ခြင်းများ။

ကိုယ်ရေးရာဇဝင်

ဒေါက်တာ Ganesan Naidu သည် ၁၉၉၀ ခုနှစ်တွင် စင်ကာပူ NUS တက္ကသိုလ်မှ ဆေးဘွဲ့ကိုရရှိခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် Edinburgh ခွဲစိတ်ဆရာဝန်ကြီးများဆိုင်ရာတော်ဝင်ကောလိပ်အဖွဲ့ဝင်၊ ၂၀၀၇ ခုနှစ်တွင် အရိုးခွဲစိတ်အထူးကုလက်တွေ့ သင်တန်းပြီးမြောက်ခဲ့ပြီး၊ အရိုးနှင့်ထိခိုက်ဒဏ်ရာအထူးကုဗေဒတော်ဝင်ကောလိပ်မှ အဖွဲ့ဝင်လက်မှတ်ကိုရရှိခဲ့သည်။ ၂၀၀၇ ခုနှစ် ဒီဇင်ဘာတွင် ဂျာမနီနိုင်ငံ Unfallklinik, Mainz ၌ အရိုးထိခိုက်ဒဏ်ရာအထူးကုဘာသာရပ်ကို ဆက်လက်လေ့လာရန် ပညာသင်ဆုကိုချီးမြှင့်ခြင်းခံရခဲ့သည်။

Raffles ဆေးရုံတွင်တာဝန်မထမ်းဆောင်မှီ ဒေါက်တာ Ganesan သည် ၂၀၁၁ မှ ၂၀၁၅ ခုနှစ်အထိ Tan Tock Seng ဆေးရုံ အရိုးခွဲစိတ်အထူးကုဌာန၏ဌာနမှူး၊ အရိုးထိခိုက်ဒဏ်ရာအထူးကုအဖွဲ့၏ ခေါင်းဆောင်လည်းဖြစ်သည်။ လက်ရှိတွင် စင်ကာပူ အရိုးအထူးကုအဖွဲ့အစည်း၏အဖွဲ့ဝင်ဖြစ်သည်။ စင်ကာပူအမျိုးသားတက္ကသိုလ် NUS ရှိ Yong Loo Lin ဆေးကျောင်းတွင် တွဲဖက်ပါမောက္ခ နှင့် Nanyang Polytechnic ကျန်းမာရေးသိပ္ပံကျောင်းတွင် ကထိကလည်းဖြစ်သည်။

Tan Tock Seng ဆေးရုံ AO Trauma Asia Pacific ၊ ပြင်းထန်သောထိခိုက်ဒဏ်ရာမှအသက်ကယ်ဆယ်ရေး နှင့် ထိခိုက်ဒဏ်ရာခွဲစိတ်ကုသမှု သင်တန်းတို့တွင် နည်းပြဆရာလည်းဖြစ်သည်။
ဒေါက်တာ Ganesan သည် အရိုးထိခိုက်ဒဏ်ရာခွဲစိတ်ကုသမှုတို့တွင် များစွာအတွေ့အကြုံရှိသည်။ တင်ပဆုံရိုးနှင့်ပေါင်ရိုး ကျိုးခြင်းကုသမှုများ၊ ခြေလက်အင်္ဂါပြန်လည်ခွဲစိတ်ခြင်း နှင့် အဆစ်များတစ်ဝိုက်ကျိုးအက်ခြင်းကုသမှုတို့ကို အထူးစိတ်ဝင် စားသည်။ တံတောင်ဆစ်၊ တင်ပဆုံရိုး နှင့် ဒူးခေါင်းအစားထိုးခွဲစိတ်မှုတို့ကိုလည်းလုပ်ဆောင်ပေးလျက်ရှိပြီး၊ အားကစားနှင့် ပတ်သက်သော ဖြစ်နိုင်သမျှအသေးဆုံးထိုးဖောက်ခွဲစိတ်ကုသမှုတွင်လည်း အထူးစိတ်ဝင်စားသည်။