Dr Fong Sau Shung

Dr Fong Sau Shung

Dr Fong Sau Shung

MBBS (S’pore), MMed (Surgery), FRCS (Edin)

Raffles ခွဲစိတ်အထူးကုဌာန။

လက်တွေ့စိတ်၀င်စားမှု

စက်ရုပ်လက်တံသုံး ခွဲစိတ်ကုသမှု၊ စအိုမှ အဆင့်မြင့်မှန်‌ပြောင်းဖြင့်ကုသမှုနည်းလမ်းများ နှင့် ဖြစ်နိုင်သမျှအသေးဆုံး ထိုးဖောက်ခွဲစိတ်ကုသမှု။

ကိုယ်ရေးရာဇ၀င်

‌‌ဒေါက်တာ Fong Sau Shung သည် အ‌‌ထွေထွေခွဲစိတ်အထူးကုဆရာ၀န်ကြီးဖြစ်ပြီး အူလမ်း‌ကြောင်းခွဲစိတ်ကုသမှုကို အထူးပြုပါသည်။ ၂၀၀၁ ခုနှစ်တွင် NUS မှဆရာ၀န်ဘွဲ့ကိုရရှိခဲ့ပြီး၊ ၂၀၀၇ ခုနှစ်တွင် ဆေးပညာမဟာဘွဲ့ကိုရရှိခဲ့ပါသည်။ Edinburgh ခွဲစိတ်ဆိုင်ရာတော်၀င်ကောလိပ်အဖွဲ့၀င်သင်တန်းပြီးဆုံးပြီးနောက် ၂၀၁၁ ခုနှစ်တွင် စင်ကာပူအထူးကု ဆရာ၀န်ကြီးများအဖွဲ့၀င်ဖြစ်ခဲ့ပါသည်။ ဆေးရုံလူအင်အားဖွံ့ဖြိုးတိုးတက်မှုအစီအစဥ်အရ ၂၀၁၃ ခုနှစ် အင်္ဂလန် Leeds မြို့တွင် အူလမ်း‌ကြောင်းဆိုင်ရာကင်ဆာ နောက်ဆုံးအဆင့်နှင့် ရောဂါပြန်ဖြစ်လျှင် ကုသသည့်အဖွဲ့၀င်သင်တန်းကို ပါမောက္ခ Peter Sagar နှင့်အတူ တက်ရောက်ခဲ့ပါသည်။

Raffles ဆေးရုံတွင်တာ၀န်မထမ်းဆောင်မှီ ‌‌ဒေါက်တာ Fong သည် Tan Tock Seng ဆေးရုံ (TTSH) နှင့် အခြားဆေးရုံ များတွင် ရာထူးတာ၀န်အမျိုးမျိုးကိုထမ်းဆောင်ခဲ့ဖူးပါသည်။ TTSH တွင် တာ၀န်ထမ်းဆောင်စဥ်၌ ၂၀၁၇-၂၀၁၉ ခုနှစ် တွင် အူလမ်း‌‌ကြောင်းဆိုင်ရာဌာန၌အကြီးအကဲ၊ ၂၀၁၆-၂၀၁၉ ခုနှစ်တွင် အူလမ်း‌‌ကြောင်းမှန်ပြောင်းဌာနတွင် ဒါရိုက်တာ ဖြစ်ခဲ့ဖူးပါသည်။ ၂၀၁၅-၂၀၁၇ ခုနှစ်တွင် စင်ကာပူ အူလမ်း‌‌ကြောင်းခွဲစိတ်ဆရာ၀န်ကြီးများအဖွဲ့အစည်းတွင် အတွင်းရေးမှူးရာထူးကို ထမ်းဆောင်ခဲ့ဖူးပါသည်။ စင်ကာပူ စက်ရုပ်လက်တံသုံးခွဲစိတ်အသင်းတည်ထောင်ရာတွင် လည်းပါ၀င်လျက်ရှိပါသည်။ ‌‌ဒေါက်တာ Fong သည် အရည်အသွေးတိုးတက်ကောင်းမွန်မှုစီမံချက်များကိုအထူး စိတ်၀င်စားပြီး၊ TTSH တွင် Geisinger ‘Provencare’ နည်းလမ်းကိုအခြေခံ၍ အူမကြီးမှန်ပြောင်းစစ်ဆေးခြင်း နှင့် အူလမ်းကြောင်းဖြတ်တောက်ခွဲစိတ်လုပ်ဆောင်မှုများ ပို၍ကောင်းမွန်လာအောင်ဦးဆောင်ခဲ့သည့်အပြင်၊ ခွဲစိတ်ပြီးနောက် ပြန်လည်ကျန်းမာလာအောင်ပြုစုကုသမှုတွင်လည်း တွဲဖက်ဦးဆောင်ခဲ့ပါသည်။

ဒေါက်တာ Fong သည် စက်ရုပ်လက်တံသုံး ခွဲစိတ်ကုသမှု၊ စအိုမှ အဆင့်မြင့်မှန်‌ပြောင်းဖြင့်ကုသမှုနည်းလမ်းများ နှင့် ဖြစ်နိုင်သမျှအသေးဆုံး ထိုးဖောက်ခွဲစိတ်ကုသမှုတို့ကိုအထူးစိတ်၀င်စားပါသည်။ အစာဟောင်းအိမ်အူကင်ဆာတွင် တင်ပဆုံတွင်းရှိ သားနံရည်ကျိတ်အား ဖြစ်နိုင်သမျှအသေးဆုံးထိုးဖောက်နည်းဖြင့် ခွဲစိတ်ခြင်းကိုကျွမ်းကျင်ပါသည်။ စင်ကာပူတွင် စအိုမှ အစာဟောင်းအိမ်အူလမ်းကြောင်း ဖြတ်တောက်ခွဲစိတ်ကုသမှုနည်းလမ်း၊ ဗီယက်နမ် ဟိုချီမင်းမြို့ တွင် စက်ရုပ်လက်တံသုံး အစာဟောင်းအိမ်အူကင်ဆာခွဲစိတ်ကုသမှုတို့တွင် စာစစ်အဖြစ်လည်းပါ၀င်ဆောင်ရွက်ပေး လျက်ရှိပါသည်။ ခွဲစိတ်မှုမသင့်တော်သေးသည့် အခြေအနေများအတွက် အူလမ်းကြောင်းကင်ဆာ stent ထည့်ခြင်းကို လည်း ထောက်ခံအားပေးသူဖြစ်ပါသည်။