Dr. Eric Teh Chin Huat

Dr. Eric Teh Chin Huat

Dr. Eric Teh Chin Huat

MBBS (S'pore), FRCS (Glas), FAMS

Raffles ခွဲစိတ်အထူးကုဌာန။

လက်တွေ့စိတ်ဝင်စားမှု

အစာအိမ်အူလမ်းကြောင်းကင်ဆာများ၊ ဝမ်းတွင်းအင်္ဂါကြည့်ကိရိယာဖြင့် သည်းခြေအိတ်၊ အူအတက်၊ အူကျရောဂါများ၊ အစာအိမ်ခွဲစိတ်ခြင်း၊ အစာအိမ်နှင့်အူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်းဖြင့် ရောဂါဖော်ထုတ်ခြင်း၊ ကုသခြင်း၊ မူမမှန်သော အသားပိုလုံးများကိုဖယ်ရှားခြင်း၊ ERCP ကိုယ်တွင်းကြည့်ကိရိယာဖြင့် သည်းခြေပြွန်ကျောက်များဖယ်ရှားခြင်း၊ ကိုယ်တွင်းကြည့် မှန်ပြောင်းဖြင့် ရင်ခေါင်းတွင်းရှိ Sympathetic နာဗ်ကြောမျှင်များခွဲစိတ်ဖြတ်တောက်ခြင်း။

ကိုယ်ရေးရာဇဝင်

ဒေါက်တာ Eric Teh သည် အထွေထွေခွဲစိတ်ဆရာဝန်ကြီးဖြစ်ပါသည်။ အစာအိမ်အူလမ်းကြောင်းကင်ဆာများ၊ အစာအိမ် ကင်ဆာ၊ အစာမျိုပြွန်ကင်ဆာ၊ သည်းခြေအိတ်၊ အူအတက်၊ အူကျရောဂါများ၊ အစာအိမ်ခွဲစိတ်ခြင်းတို့ကိုအထူးပြုသည်။ အစာအိမ်နှင့်အူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်းဖြင့် ရောဂါဖော်ထုတ်ခြင်း၊ ကုသခြင်း၊ မူမမှန်သောအသားပိုလုံးများ ဖယ်ရှားခြင်း၊ ERCP ကိုယ်တွင်းကြည့်ကိရိယာဖြင့် သည်းခြေပြွန်ကျောက်များဖယ်ရှားခြင်းကိုလည်းစိတ်ဝင်စားပြီး အတွေ့အကြုံ များစွာရှိသည်။ လက်ဖဝါးတွင် ချွေးထွက်များခြင်းအတွက် Endoscopic thoracic Sympathectomy နာဗ်ကြောမျှင်များ ခွဲစိတ်ဖြတ်တောက်ခြင်းကိုလည်း လုပ်ဆောင်ပေးပါသည်။

ဒေါက်တာ Teh သည် ၁၉၈၄ ခုနှစ်တွင် စင်ကာပူအမျိုးသားတက္ကသိုလ် (NUS) မှ စင်ကာပူအစိုးရပြည်သူ့ဝန်ဆောင်မှု ကော်မရှင်ပညာသင်ဆုဖြင့် MBBS ဘွဲ့ကိုရရှိခဲ့သည်။ စင်ကာပူ၊ Glasgow နှင့် ဂျပန်တိုကျိုရှိ အမျိုးသားကင်ဆာဌာနတို့တွင် ဘွဲ့လွန်အထူးကုသင်တန်းကိုတက်ရောက်ခဲ့သည်။ ၁၉၉၁ ခုနှစ် Glasgow ခွဲစိတ်ဆရာဝန်တော်ဝင်ကောလိပ် နှင့် ၁၉၉၄ ခုနှစ် စင်ကာပူဆေးတက္ကသိုလ်တို့၏ အဖွဲ့ဝင်ဖြစ်ခဲ့သည်။ ယခင်က ကျန်းမာရေးဝန်ကြီးဌာန၊ ကျောက်ကပ်အစားထိုးခွဲစိတ်ဆရာဝန် ကြီးများအသင်း၏ အဖွဲ့ဝင်ဖြစ်ခဲ့ဖူးသည်။ ဒေါက်တာ Teh သည် ကိုယ်တွင်းကြည့်မှန်ပြောင်းနှင့်ဝမ်းတွင်းအင်္ဂါကြည့်မှန်ပြောင်း ဆိုင်ရာ အာရှခွဲစိတ်ဆရာဝန်ကြီးများအဖွဲ့၊ နိုင်ငံတကာအစာအိမ်ကင်ဆာအဖွဲ့အစည်း ဖွဲ့စည်းစဉ်၌ ပါဝင်ခဲ့သောအဖွဲ့ဝင်ဖြစ် သည်။