ကလေးကြီးထွားဖွံ့ဖြိုးတိုးတက်မှုကိုစစ်ဆေးပေးခြင်း နှင့် ကာကွယ်ဆေးထိုးခြင်းများ။
ဒေါက်တာ Ng သည် ကလေးအထူးကုဆရာဝန်ကြီးဖြစ်ပြီး၊ အင်္ဂလန် ကလေးဆေးပညာရပ်ဆိုင်ရာတော်ဝင်ကောလိပ် ၏အဖွဲ့ဝင်လည်းဖြစ်သည်။ NUS မှဆရာ၀န်ဘွဲ့ နှင့် ဆေးပညာမဟာဘွဲ့ကိုရရှိခဲ့ပြီး၊ NUH ဆေးရုံတွင် ကလေးအထူးကု သင်တန်းကိုပြီးဆုံးခဲ့ပါသည်။
ဒေါက်တာ Ng သည် ကလေးဓာတ်မတည့်ရောဂါကုသမှုကို အထူးစိတ်ဝင်စားပါသည်။ NUH ဆေးရုံတွင် တာဝန် ထမ်းဆောင်စဥ်၌ အစာနှင့်ဆေးဓာတ်မတည့်ခြင်းများ၊ နှာခေါင်းဓာတ်မတည့်ခြင်း၊ အဆုတ်ပန်းနာရင်ကြပ် နှင့် အရေပြားဓာတ်မတည့်ခြင်း ခံစားနေရသည့် ကလေးလူနာအမျိုးမျိုးကို ကုသပေးခဲ့ပါသည်။
ဒေါက်တာ Ng သည် American Academy of Allergy, Asthma & Immunology ၊ World Allergy Organization joint meeting ၊ the joint congress of the Asia Pacific Association of Allergy, Asthma and Clinical Immunology ၊ Asia Pacific Association of Pediatric Allergy, Respirology and Immunology အစရှိသည့် အပြည်ပြည်ဆိုင်ရာဓာတ်မတည့်ရောဂါအကြောင်းဆွေးနွေးပွဲညီလာခံများတွင် ပိုစတာများကိုတင်ပြခြင်း နှင့် ကောက်နုတ်ချက်များကိုမျှဝေပေးလျက်ရှိပါသည်။ စင်ကာပူတရုတ် Lianhe Zaobao သတင်းစာဆောင်းပါးတွင် ဖော်ပြခဲ့သည့် အလွန်အကျွံတစ်ကိုယ်ရေသန့်ရှင်းခြင်း နှင့် ဓာတ်မတည့်ရောဂါပို၍ဖြစ်နိုင်ခြင်း အကြောင်းကိုရေးသား သည့် တွဲဖက်စာရေးဆရာဖြစ်ပါသည်။ ဒေါက်တာ Ng သည် ရောဂါကူးစက်မှု၊ ကလေးကြီးထွားဖွံ့ဖြိုးတိုးတက်မှု စသည့် ကလေးရောဂါအမျိုးမျိုးကို ကုသပေးလျက်ရှိပါသည်။ ကလေးကြီးထွားဖွံ့ဖြိုးတိုးတက်မှုကို စစ်ဆေးအကဲဖြတ်ခြင်း နှင့် ကာကွယ်ဆေး ထိုးပေးခြင်းတို့တွင်လည်း များစွာအတွေ့အကြုံရှိပါသည်။