MBBS (S’pore), FRCS (Neurosurgery) (Edin)
ကျောရိုးကင်ဆာများ နှင့် ထိခိုက်ဒဏ်ရာကြောင့်ဖြစ်သောအာရုံကြောမကြီးပြဿနာများကိုကုသခြင်း။
ဒေါက်တာ David Choy သည် အာရုံကြောခွဲစိတ်အထူးကုဆရာဝန်ကြီးဖြစ်ပါသည်။ ၁၉၉၇ ခုနှစ်တွင် NUS မှဘွဲ့ရခဲ့ပြီး၊ နောက်ပိုင်းတွင် MRCS (Edin) နှင့် M Med (Surgery) တို့ကိုရရှိခဲ့သည်။ အင်္ဂလန် Addenbrookes ဆေးရုံရှိ အာရုံကြော ခွဲစိတ်ဌာန၌ ပါမောက္ခ John Pickard ၏ကြီးကြပ်မှုအောက်တွင် ၂ နှစ်ကြာသင်တန်းရရှိခဲ့ပြီး၊ ၂၀၀၆ ခုနှစ်တွင် HMDP အဖွဲ့ဝင်ဆုကိုချီးမြှင့်ခြင်းခံရခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် အင်္ဂလန်၌ အာရုံကြောခွဲစိတ်မှုအတွက် ကောလိပ်အချင်းချင်း ယှဉ်ပြိုင်သောစာမေးပွဲများတွင် အောင်မြင်မှုရရှိပြီးနောက်၊ NUH တွင် အတိုင်ပင်ခံအာရုံကြောခွဲစိတ်ဆရာဝန်ကြီး နှင့် အာရုံကြောခွဲစိတ်မှုအတွက် သုတေသနဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ဒေါက်တာ Choy သည် Yong Loo Lin ဆေးကျောင်းတွင် ဘွဲ့ကြိုနှင့်ဘွဲ့လွန်အတန်း သင်ကြားမှုများတွင်ပါဝင်ခဲ့ပြီး၊ Nanyang Polytechnic အဆင့်မြင့်သူနာပြုဒီပလိုမာအစီအစဉ်အတွက် ဖိတ်ကြားကမ်းလှမ်းခံရသော ကထိကလည်းဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် MBBS ဘွဲ့နောက်ဆုံးနှစ်စာမေးပွဲအတွက် NUH ခွဲစိတ်ပိုင်းတွင်အကြီးအကဲလူကြီး၊ ၂၀၁၁ ခုနှစ် March လတွင် ကျင်းပသော MBBS နောက်ဆုံးစာမေးပွဲများအတွက် စာစစ်သူလည်းဖြစ်ခဲ့ဖူးသည်။
ဒေါက်တာ Choy သည် အမျိုးမျိုးသောအာရုံကြောဆိုင်ရာကင်ဆာ နှင့် အာရုံကြောသွေးကြောဆိုင်ရာရောဂါများကို ကုသရာတွင်ကျွမ်းကျင်သည်။ လေဖြတ်သောလူနာများအတွက် ဦးနှောက်သွေးကြောအသေးစားခွဲစိတ်ခြင်းလုပ်ဆောင်မှု များကိုလည်းဆောင်ရွက်လျက်ရှိသည်။ ကျောရိုးကင်ဆာကုသခြင်း၊ အသက်ကြီးလာ၍ဖြစ်တတ်သောယိုယွင်းပျက်စီးမှုများ အပြင် ထိခိုက်ဒဏ်ရာကြောင့်ဖြစ်သော အာရုံကြောမကြီးပြဿနာများကို စက်ကိရိယာဖြင့်အသေးဆုံးကျောရိုးထိုးဖောက်ခွဲစိတ် နည်းဖြင့် ကုသပေးရန်အလွန်စိတ်ဝင်စားသည်။
ဒေါက်တာ Choy သည် ကလေးအာရုံကြောလူနာများကိုလည်းခွဲစိတ်ပေးနိုင်ပြီး၊ ရှုပ်ထွေးသောဦးခေါင်းခွံအခြေခံသည့်ရောဂါများကိုလည်းကုသပေးလျက်ရှိပါသည်။ ဦးနှောက်သို့ကင်ဆာပျံ့နှံ့ခြင်း၊ သွေးကြော ဆိုင်ရာပုံမမှန်ခြင်းများ နှင့် နာဗ်ကြောတစ်လျှောက်တွင် ပြင်းထန်စွာစူးပြီးနာကျင်ခြင်း ကုသမှုတို့အတွက် Gamma knife အသုံးပြုသည့်ခွဲစိတ်မှုကိုလည်း သင်တန်းရရှိထားပြီးဖြစ်ပါသည်။ ကိုယ်တွင်းကြည့်မှန်ပြောင်းဖြင့် ဖြစ်နိုင်သမျှအသေးဆုံးအာရုံ ကြောခွဲစိတ်မှု နှင့် လက်ဖဝါးချွေးထွက်များခြင်းအတွက် အပ်ပါသောမှန်ပြောင်းဖြင့် နာဗ်ကြောဖြတ်ကုသခြင်းတို့ကိုလည်း ကျွမ်းကျင်စွာလုပ်ဆောင်ပေးလျက်ရှိပါသည်။