MBBS (London), MRCS (Eng), FRCS (Plast)
အထွေထွေရုပ်ပြင်ခွဲစိတ်ခြင်း၊ အသေးစားခွဲစိတ်ပြုပြင်ခြင်း၊ အလှအပဆိုင်ရာခွဲစိတ်ခြင်း၊ လက်ခွဲစိတ်ခြင်း။
ဒေါက်တာ Ng သည် အင်္ဂလန်တွင် ဆေးပညာရပ်ကို လေ့လာခဲ့ပြီး၊ ၂၀၀၂ ခုနှစ်တွင် လန်ဒန်တက္ကသိုလ် St George’s ဆေးရုံ ဆေးကျောင်းမှ Clinical Sciences တွင် ဂုဏ်ထူးဖြင့် ဆေးဘွဲ့ကိုရရှိခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် အခြေခံခွဲစိတ်ဆိုင်ရာသင်တန်း ပြီးမြောက်ကြောင်း နှင့် အင်္ဂလန် MRCS ရရှိပြီးနောက်၊ လန်ဒန် Pan Thames ရုပ်ပြင်ခွဲစိတ်မှုသင်တန်းအစီအစဉ်၌ မတက် ရောက်ခင်တွင် East Grinstead ရှိ Queen Victoria ဆေးရုံ၌ စီနီယာလက်တွေ့သင်တန်းအဖွဲ့ဝင်အနေဖြင့် ရုပ်ပြင်ခွဲစိတ်မှုတွင် အဆင့်မြင့်ခွဲစိတ်ဆိုင်ရာသင်တန်းကိုတက်ရောက်ခဲ့သည်။
ရုပ်ပြင်ခွဲစိတ်မှုအတွက် St Andrew’s Centre၊ မီးလောင်ဒဏ်ရာ ကုသမှုအတွက် အင်္ဂလန်နိုင်ငံ လန်ဒန်ရှိ Chelmsford, St George’s ဆေးရုံ နှင့် Chelsea & Westminster ဆေးရုံတို့တွင် သင်တန်းရယူခဲ့သည်။ ရုပ်ပြင်ခြင်းနှင့်ပြန်လည်ပြုပြင်ခွဲစိတ်ခြင်းအပြင် လက်ခွဲစိတ်ခြင်းကိုပါသင်တန်းရရှိခဲ့သည်။ ၂၀၁၂ ခုနှစ် တွင် ရုပ်ပြင်ခွဲစိတ်မှု၌ FRCS ကိုရရှိခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် လန်ဒန်တက္ကသိုလ်မှ အလှအပဆိုင်ရာရုပ်ပြင်ခွဲစိတ်မှု၌ ဂုဏ်ထူး ဖြင့် MSc ပြီးမြောက်ခဲ့သည်။ အင်္ဂလန်နိုင်ငံ လန်ဒန်ရှိ Wellington ဆေးရုံ နှင့် East Grinstead ရှိ Mclndoe Surgical Centre တို့တွင် အလှအပဆိုင်ရာခွဲစိတ်အဖွဲ့ဝင်သင်တန်း တက်ရောက်ပြီးမြောက်ခဲ့သည်။
ဒေါက်တာ Ng သည် အသေးစားခွဲစိတ်မှု၊ အရေပြားကင်ဆာ၊ မီးလောင်ဒဏ်ရာများ၊ ရင်သားခွဲစိတ်မှု နှင့် လက်ခွဲစိတ်မှု စသည့် အထူးပြုနယ်ပယ်ပေါင်းစုံပါဝင်သည့် လုပ်ဖော်ကိုင်ဖက်အချင်းချင်းသုံးသပ်သော သိပ္ပံဂျာနယ်ဆောင်ပါးများတွင် ပါဝင် ရေးသားထုတ်ဝေလျက်ရှိသည်။ မြောက်မြားစွာသော နိုင်ငံတကာညီလာခံများတွင်လည်း တက်ရောက်ပါဝင်ဆွေးနွေးလျက်ရှိ သည်။ International Confederation for Plastic, Reconstructive and Aesthetic Surgery (IPRAS) အပြည်ပြည်ဆိုင် ရာညီလာခံတွင် ဧည့်သဘာပတိအဖြစ် ဖိတ်ကြားခြင်းခံရလျက်ရှိသည်။
အထွေထွေရုပ်ပြင်ခွဲစိတ်ခြင်း၊ ကင်ဆာနှင့်ဒဏ်ရာများအတွက် အသေးစားခွဲစိတ်ပြုပြင်ခြင်း၊ မျက်နှာ၊ ရင်သား နှင့် ခန္ဓာကိုယ် ကောက်ကြောင်း စသည့်အလှအပဆိုင်ရာခွဲစိတ်ခြင်းအပြင် လက်ခွဲစိတ်ခြင်းကိုလည်း အထူးစိတ်ဝင်စားသည်။