Dr Darren Goh Wee Yian

Dr Darren Goh Wee Yian

Dr Darren Goh Wee Yian

MBBS (S’pore), MRCSEd (UK), M Med (S’pore)

လက်တွေ့စိတ်၀င်စားမှု

လိင်မစွမ်းဆောင်နိုင်ခြင်း၊ အမျိုးသား‌‌ဟော်မုန်းချို့တဲ့ခြင်း၊ အမျိုးသားကျန်းမာရေးအပါအ၀င် ဆီးကျိတ်နှင့်ဆီးအိမ်ကင်ဆာများ အစရှိသည့် အမျိုးသားရောဂါကုသခြင်း၊ ဆီးလမ်းကြောင်းရောဂါစစ်ဆေးကုသခြင်း၊ စက်ရုပ်လက်ဖြင့်ခွဲစိတ်မှု။

ကိုယ်ရေးရာဇ၀င်

ဒေါက်တာ Darren Goh သည် ဆီးလမ်းကြောင်းအထူးကုဆရာ၀န်ကြီးဖြစ်ပါသည်။ ၂၀၀၂ ခုနှစ်တွင် စင်ကာပူအမျိုးသားတက္ကသိုလ်မှ ဆေးဘွဲ့ရရှိခဲ့ပြီး၊ ၂၀၀၇ ခုနှစ်တွင် Edinburgh တော်ဝင်ကောလိပ်ခွဲစိတ်ဆရာဝန်များအဖွဲ့ဝင်အဖြစ်အပ်နှင်းခံရခဲ့သည်။ နောက်ပိုင်းတွင် လန်ဒန်တက္ကသိုလ်ကောလိပ်ဆေးရုံ၌ လက်တွေ့အဖွဲ့၀င်သင်တန်းကို တက်ရောက်ခဲ့ပြီး၊ ကင်ဆာနှင့်အမျိုးသားရောဂါဗေဒ အထူးပြုသင်တန်း နှစ်မျိုးလုံးကိုရရှိခဲ့ပါသည်။

Raffles ဆေးရုံတွင် တာ၀န်မထမ်းဆောင်မှီ ဒေါက်တာ Goh သည် ချန်ဂီအထွေထွေဆေးရုံရှိ ဆီးလမ်းကြောင်းဌာနတွင် တွဲဖက်ပါမောက္ခနှင့်အကြီးတန်းအတိုင်ပင်ခံဆရာ၀န်ကြီးဖြစ်ခဲ့ပါသည်။ ဆေးကျောင်းသားများအား စာသင်ကြားပို့ချရာတွင် တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိပြီး၊ ဘွဲ့ကြိုဆေးကျောင်းစာမေးပွဲတွင် စာစစ်သူဖြစ်ပြီး၊  ဆီးလမ်းကြောင်း စာမေးပွဲကော်မတီ၏ အဖွဲ့ဝင်လည်းဖြစ်ပါသည်။ အမျိုးသားရောဂါဗေဒ၊ BPH နှင့် ဆီးကျိတ်ကင်ဆာဆိုင်ရာ အထွေထွေရောဂါကုဆရာဝန်များ နှင့် နိုင်ငံ့၀န်ထမ်းများကို ဆီးလမ်းကြောင်းဆိုင်ရာဆွေးနွေးပွဲများတွင် အမြောက်အမြားတင်ဆက်ဟောပြောပေးခဲ့ပါသည်။ ဒေါက်တာ Goh သည် လက်ရှိတွင် စင်ကာပူဆီးလမ်းကြောင်းဆိုင်ရာအဖွဲ့အစည်း နှင့် ဥရောပဆီးလမ်း ကြောင်းအဖွဲ့အစည်းတို့တွင် အဖွဲ့ဝင်အဖြစ်ဆောင်ရွက်လျက်ရှိပါသည်။ စင်္ကာပူအမျိုးသားကျန်းမာရေးအသင်း၏ EXCO အဖွဲ့ဝင်လည်းဖြစ်ခဲ့ပါသည်။

ဒေါက်တာ Goh သည် လိင်မစွမ်းဆောင်နိုင်ခြင်း၊ အမျိုးသား‌‌ဟော်မုန်းချို့တဲ့ခြင်း၊ အမျိုးသားကျန်းမာရေးအပါအ၀င် ဆီးကျိတ်နှင့်ဆီးအိမ်ကင်ဆာများ အစရှိသည့် အမျိုးသားရောဂါကုသခြင်း၊ ဆီးလမ်းကြောင်းရောဂါစစ်ဆေးကုသခြင်း၊ စက်ရုပ်လက်ဖြင့်ခွဲစိတ်ကုသမှုတို့ကို စိတ်ဝင်စားပါသည်။ ကင်ဆာမဟုတ်သောဆီးကျိတ်ရောဂါ၊ ဆီးလမ်းကြောင်းကျောက်တည်ခြင်းရောဂါတို့ကို အသေးဆုံးထိုးဖောက်ခွဲစိတ်ကုသမှုအမျိုးမျိုး၊ စက်ရုပ်လက်ဖြင့်ဆီးကျိတ်ခွဲစိတ်မှု နှင့် ကျောက်ကပ်ခွဲစိတ်မှု၊ လိင်တံကောက်ခြင်းအတွက်ခွဲစိတ်မှု၊ အမျိုးသားမျိုးမအောင်ခြင်း နှင့် လိင်တံတုထည့်သွင်းခွဲစိတ်ခြင်းတို့ကိုလည်း လုပ်ဆောင်ပေးပါသည်။