MBBS (S’pore), MRCS (UK), M Med (S’pore)
လူကြီးနှင့်ကလေး အထွေထွေ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါများ။
ဒေါက်တာ Zhao သည် ကျန်းမာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုထားသည့် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန်ကြီးဖြစ်ပါသည်။ ၂၀၀၈ ခုနှစ်တွင် NUS မှ ဘွဲ့ရခဲ့ပြီး၊ ၂၀၁၇ ခုနှစ်တွင် Tan Tock Seng ဆေးရုံ နှင့် Khoo Teck Puat ဆေးရုံတို့၌ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုသင်တန်းကိုပြီးမြောက်ခဲ့သည်။ Glasgow ဆရာဝန်ကြီး များနှင့်ခွဲစိတ်ဆရာဝန်ကြီးများဆိုင်ရာတော်ဝင်ကောလိပ် နှင့် စင်ကာပူဆေးတက္ကသိုလ်တို့တွင် အဖွဲ့ဝင်လည်းဖြစ် သည်။
Raffles နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဌာနတွင် တာဝန်မထမ်းဆောင်မှီ ဒေါက်တာ Zhao သည် Khoo Teck Puat ဆေးရုံတွင် နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ပြီး၊ NTU Lee Kong Chian ဆေးကျောင်းတွင် နည်းပြဆရာလည်းဖြစ်သည်။
ဆေးကုသပေးသည့်အပြင် နား၊ နှာခေါင်း၊ လည်ချောင်း ဆိုင်ရာသုတေသနတို့တွင် တက်ကြွစွာပါဝင်ပြီး၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်းသုံးသပ်သော နိုင်ငံတကာဆေးပညာ ဂျာနယ်များတွင်လည်း သိပ္ပံဆိုင်ရာဆောင်းပါးများကို ပုံနှိပ်ထုတ်ဝေသည်။ သူမ၏စာပေများကို ပြည်တွင်း နှင့် နိုင်ငံတကာညီလာခံတို့တွင် တင်ပြလျက်ရှိပါသည်။ ဒေါက်တာ Zhao သည် အင်္ဂလိပ်၊ တရုတ် နှင့် မလေးစကား များကို ကျွမ်းကျင်စွာပြောဆိုနိုင်ပါသည်။
ဒေါက်တာ Zhao သည် နှာခေါင်း Sinus ရောဂါ၊ နားရောဂါ၊ အိပ်နေစဉ်ဟောက်ခြင်း၊ အသံ၊ ဦးခေါင်းနှင့်လည်ချောင်း ပြဿနာ အစရှိသည့် လူကြီးနှင့်ကလေး အထွေထွေ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ကုသမှုတို့တွင် အတွေ့အကြုံ ရှိပါသည်။