MBBS (S'pore), FRCS (Edin), FRCS (Glas)
ဝမ်းတွင်းအင်္ဂါကြည့်ကိရိယာဖြင့်ခွဲစိတ်မှုများ၊ ဥပမာ – အစာအိမ်အချဉ်တက်ခြင်းအတွက်ခွဲစိတ်မှု နှင့် အဝလွန်ခြင်းခွဲစိတ်မှု၊ အဝလွန်ခြင်းအတွက် ဝမ်းတွင်းအင်္ဂါကြည့်ကိရိယာဖြင့် gastric banding လုပ်ခြင်း။
ဒေါက်တာ Baladas သည် အထွေထွေခွဲစိတ်ဆရာဝန်ကြီးဖြစ်သည်။ ၁၉၈၈ ခုနှစ်တွင် NUS မှ ဘွဲ့ရခဲ့ပြီး၊ ၁၉၉၄ ခုနှစ်တွင် Edinburgh နှင့် Glasgow တော်ဝင်ကောလိပ်တို့၏ ခွဲစိတ်ဆိုင်ရာတွင်အဖွဲ့ဝင်ဖြစ်ခဲ့သည်။ ၁၉၉၉-၂၀၀၀ ခုနှစ် သြစတေးလျ တွင်ဝမ်းတွင်းအင်္ဂါကြည့်မှန်ပြောင်းဖြင့်ခွဲစိတ်ခြင်း၌ MOH HMDP ဆုကိုချီးမြှင့်ခြင်းခံရခဲ့သည်။
ဒေါက်တာ Baladas သည် ဝမ်းတွင်းအင်္ဂါကြည့်ကိရိယာအသုံးပြုသည့်ခွဲစိတ်မှုများလုပ်ဆောင်ခြင်းနှင့် အစာအိမ်အချဉ် တက်ခြင်းအတွက်ခွဲစိတ်မှု နှင့် အဝလွန်ခြင်းခွဲစိတ်မှုတို့တွင်အတွေ့ အကြုံရှိသည်။ အဝလွန်ခြင်းအတွက် ဝမ်းတွင်းအင်္ဂါကြည့် ကိရိယာဖြင့် gastric banding လုပ်ခြင်း၌ကျော်ကြားသည်။ မြောက်မြားစွာသောခွဲစိတ်ကုသမှုအမျိုးမျိုးကို လုပ်ဆောင်လျက် ရှိပြီး၊ ပြည်တွင်းနှင့်ဒေသဆိုင်ရာတွင်ကျင်းပသည့် ခွဲစိတ်ဆရာဝန်ကြီးအစည်းအဝေးများတွင်လည်း ဖိတ်ကြားခံရလျက်ရှိသည်။