Dr Anuradha Negi

Dr Anuradha Negi

Dr Anuradha Negi

MBBS (India)

လက်တွေ့စိတ်ဝင်စားမှု

ဆီးချိုရောဂါ၊ လည်ပင်းသိုင်းရွိုက် နှင့် အရိုးပွခြင်းအပြင် ဟော်မုန်းဂလင်းများပုံမှန်မဟုတ်သောအခြေအနေ။

ကိုယ်ရေးရာဇဝင်

‌ဒေါက်တာ Anuradha Negi သည် အိန္ဒိယ ဒေလီတက္ကသိုလ် Maulana Azad ဆေးကောလိပ်မှ ဘွဲ့ရရှိခဲ့ပါသည်။ ဆေးပညာရပ်ဆိုင်ရာဘွဲ့လွန်သင်တန်းကို စင်ကာပူတွင်ပြီးစီးခဲ့ပြီး၊ ၂၀၁၁ ခုနှစ်တွင် အင်္ဂလန်ဆရာ၀န်များဆိုင်ရာ တော်၀င်ကောလိပ်အဖွဲ့၀င်ဖြစ်ခဲ့ပါသည်။ Khoo Teck Puat (KTPH) ဆေးရုံတွင် ဟော်မုန်းဂလင်းများဗေဒ အဆင့်မြင့်အထူးပြုသင်တန်းကိုပြီးဆုံးခဲ့ပြီး၊ ၂၀၁၆ ခုနှစ်တွင် ဆီးချိုနှင့်ဟော်မုန်းဂလင်းရောဂါအထူးကုဆရာဝန်းကြီးအဖြစ် အသိအမှတ်ပြုခြင်းခံရခဲ့ပါ သည်။ ၂၀၁၇ ခုနှစ်တွင် စင်ကာပူဆေးပညာရပ်တက္ကသိုလ်အဖွဲ့၀င်အဖြစ် ချီးမြှင့်ခြင်းခံရခဲ့ပါသည်။

Khoo Teck Puat (KTPH) ဆေးရုံ ဆီးချိုနှင့်ဟော်မုန်းဂလင်းအထူးကုဌာနတွင် အတိုင်ပင်ခံဆရာဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါသည်။ အထွေထွေဟော်မုန်းဂလင်းကုသခြင်းနှင့်အရိုးပွရောဂါကုသခြင်းတွင် ကျယ်ပြန့်စွာပါဝင်ခဲ့ပါသည်။ KTPH တွင် တာဝန်ထမ်းဆောင်စဥ်၌ လက်တွေ့ဆေးဝါးကုသမှု ထူးချွန်ဆုများကိုရရှိခဲ့ပါသည်။ ‌ဒေါက်တာ Negi သည် စာသင်ကြားပို့ချမှုအပိုင်းတွင်လည်း တက်ကြွစွာပါ၀င်လုပ်ဆောင်ခဲ့ပါသည်။ စင်ကာပူ NUS တက္ကသိုလ် Yong Loo Lin ဆေးကျောင်း နှင့် Lee Kong Chian ဆေးကျောင်းတို့တွင် နည်းပြဆရာဖြစ်ခဲ့ဖူးပါသည်။ အထွေထွေဆရာဝန်များဆိုင်ရာဆွေးနွေးပွဲတွင် ဦးဆောင်ပါဝင်လျက်ရှိပြီး၊ ဆီးချိုနှင့်ဟော်မုန်းဂလင်းအထူးပြုစာတမ်းဖတ်ပွဲများတွင်လည်း ပါဝင်လျက်ရှိပါသည်။

၂၀၁၉ ခုနှစ်တွင် ‌ဒေါက်တာ Negi သည် စပိန် မက်ဒရစ် HM Sanchinarro ဆေးတက္ကသိုလ်မှ အဝလွန်ခြင်းနှင့်ဇီဝတွင်းဖြစ်ပျက်မှုပုံမှန်မဟုတ်သောအခြေအနေများကို ကုသသည့်သင်တန်းကိုပြီးမြောက်ခဲ့ပါသည်။ အဝလွန်ခြင်းရောဂါများ လက်တွေ့ဆိုင်ရာသုတေသနတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ပါသည်။