ဖန်ပြွန်သန္ဓေသားနှင့်မျိုးပွားခြင်းအထူးကုဌာန

ကလေးရယူလိုသောစုံတွဲများအတွက် ဖန်ပြွန်သန္ဓေသားနှင့်မျိုးပွားခြင်း ရွေးချယ်ကုသနိုင်သောနည်းလမ်းများကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ မျိုးမအောင်ခြင်း ပြဿနာရှိ သည့်စုံတွဲများအား ရောဂါရှာဖွေဖော်ထုတ်စစ်ဆေးပေးခြင်း၊ ဆေးကုသမှုပေးခြင်း နှင့် ဝိုင်းဝန်းကူညီအားပေးခြင်းအတွက် ထင်ရှားကျော်ကြားသည်။

Raffles ဖန်ပြွန်သန္ဓေသား နှင့်မျိုးပွားခြင်းအထူးကုဌာနသည် သြစတေးလျ မျိုးပွားခြင်းဆိုင်ရာနည်းပညာ အသိအမှတ်ပြုအဖွဲ့အစည်း (RTAC) မှ တရားဝင်အသိအမှတ်ပြုလျက်ရှိပြီး၊ သြစတေးလျ မျိုးပွားခြင်း ဆိုင်ရာနည်းပညာ တရားဝင်အသိအမှတ်ပြုသောကော်မတီ၏ ကျင့်ထုံးနှင့်အညီ လိုအပ်ချက်များကို ဆက်လက်၍ဖြည့်ဆည်းသွားမည်ဖြစ်ပါသည်။

ဖန်ပြွန်သန္ဓေသားနှင့်မျိုးပွားခြင်းအထူးကုဆရာဝန်ကြီးများ၊ သန္ဓေသားပညာရှင်များ နှင့် သူနာပြုများသည် စုံတွဲတိုင်း ကလေးရယူလိုခြင်း အိမ်မက်အကောင်အထည်ပေါ်လာရန် အကောင်းဆုံးအခွင့်အရေးရရန်အလို့ဋ္ဌာ တစ်ဦးချင်းစီ၏ လိုအပ်ချက်များအလိုက် ကုသမှုပေးလျက်ရှိပါသည်။

ဌာနဆိုင်ရာဆရာဝန်များ