ဆီးလမ်းကြောင်းအထူးကုဌာန

Raffles ဆီးလမ်းကြောင်းအထူးကုဌာနတွင် ဆီးလမ်းကြောင်းရောဂါလက္ခဏာခံစားနေရသော အမျိုးသားနှင့်အမျိုးသမီးလူနာများကို ပြုစုကုသပေးလျက်ရှိပါသည်။

ကျောက်ကပ်၊ ဆီးအိမ်၊ ဆီးလမ်းကြောင်းဆိုင်ရာရောဂါများ နှင့် အမျိုးသားမျိုးပွားဆိုင်ရာရောဂါများကုသမှုကို တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

ခေတ်မှီနည်းပညာ နှင့် ဖြစ်နိုင်သမျှအနည်းဆုံး ထိုးဖောက်ခွဲစိတ်ခြင်းနည်းလမ်းများ အသုံးပြုခြင်းဖြင့် တိကျသေချာစွာ စစ်ဆေးအကဲဖြတ်နိုင်၍ ထိရောက်စွာကုသနိုင်သည်။ ဆီးလမ်းကြောင်းအထူးကုဆရာဝန်ကြီးများ နှင့် သူနာပြုဝန်ထမ်းများသည် လူနာ၏လူနေမှုကျန်းမာရေးအဆင့်အတန်းကို တိုးတက်စေရန် ပြုစုကုသပေးလျက်ရှိပါသည်။

ဌာနဆိုင်ရာဆရာဝန်များ