ခွဲစိတ်အထူးကုဌာန

Raffles ခွဲစိတ်အထူးကုဌာနတွင် ခွဲစိတ်ဆိုင်ရာအထူးကုရောဂါပညာရပ်အမျိုးမျိုးအတွက် ရောဂါရှာဖွေဖော်ထုတ်စစ်ဆေးခြင်း၊ ဆေးကုသခြင်း နှင့် ခွဲစိတ်ခြင်းတို့ကို လုပ်ဆောင်ပေးလျက်ရှိပါသည်။

အထူးကုဝန်ဆောင်မှုအမျိုးမျိုးတွင် အထွေထွေခွဲစိတ်ခြင်း၊ ရင်သားခွဲစိတ်ခြင်း၊ အဝလွန်ရောဂါခွဲစိတ်ကုသခြင်း နှင့် အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ရောဂါရှာဖွေ ဖော်ထုတ်စစ်ဆေးခြင်းတို့ပါဝင်သည်။

ရင်သားအထူးကုဆေးခန်းတွင် ကင်ဆာနှင့်ကင်ဆာမဟုတ်သော ရင်သားအကျိတ်အခြေအနေများကို ပြည့်စုံစွာစစ်ဆေးအကဲဖြတ်ခြင်း နှင့် ခွဲစိတ်ကုသခြင်းတို့ကို ပြုလုပ်ပေးလျက်ရှိပါသည်။ အသားစနမူနာယူသောနည်းလမ်းများမှာ fine needle aspiration cytology, TruCut core biopsy နှင့် ultrasound guided Mammotome biopsy တို့ဖြစ်သည်။ ထိုအသားစနမူနာယူသောနည်းလမ်းများသည် နာကျင်မှုအနည်းငယ်ဖြင့် ချက်ချင်းလုပ်ဆောင်နိုင်သဖြင့် ရောဂါရှာဖွေဖော်ထုတ်ရာတွင်မြန်ဆန် သည်။ ရင်သားခွဲစိတ်မှုခံယူပြီးနောက် ရင်သားကိုပြန်လည်ပြင်ဆင်ခြင်း ဝန်ဆောင်မှုကိုလည်း တစ်ဆက်တည်းလုပ်ဆောင်နိုင်သည်။

အဝလွန်ရောဂါခွဲစိတ်အထူးကုဆရာဝန်ကြီးများသည် ကိုယ်ခန္ဓာအလေးချိန်နှင့်ဆက်စပ်နေသည့် ရောဂါလက္ခဏာများကို ကုသရာ၌ကျွမ်းကျင်သည်။ ဖြစ်နိုင်သမျှ အနည်းဆုံးထိုးဖောက်ခွဲစိတ်ကုသမှုသည် ခွဲစိတ်အမာရွတ်သေးငယ်၍ လျင်မြန်စွာပြန်လည်ကောင်းမွန်လာနိုင်သည်။ သင်၏ ကိုယ်ခန္ဓာအလေးချိန်ညွှန်းကိန်းနှင့် ဆက်စပ်နေသည့် တစ်ခြားရောဂါအခြေအနေများပေါ်မူတည်၍ အစာအိမ်ဆိုင်ရာခွဲစိတ်လုပ်ဆောင်မှုကို ဆေးကုသမှုဆိုင်ရာလုပ်ဆောင်ချက်ဟု သတ်မှတ်ထားသဖြင့် Medisave သို့မဟုတ် ကျန်းမာရေးအာမခံတို့မှ အကျုံးဝင်သည်။