COVID-19 ကာကွယ်ဆေးထိုးရန် သင်စိတ်ပူနေပြီး အတွေးများစွာရှိနေနိုင်သည်။ ကာကွယ်ဆေးထိုးခြင်းသည် မိမိဆန္ဒအလျောက်ဖြစ်သော်လည်း ဆေးထိုးရန်သင့်တော်သူများအားလုံး ထိုးထားသင့်ပါသည်။ COVID-19 ကာကွယ်ဆေးထိုးခြင်းသည် မိမိကိုယ်ကိုသာမက မိမိချစ်ရသောသူများအတွက်လည်း ကာကွယ်ရာရောက်ပါသည်။ ပထမဆုံးဆေးမထိုးမှီ သင်သိထားသင့်သည့်အရာများကို ဝေမျှပေးချင်ပါသည်။
ကာကွယ်ဆေးကိုဘယ်လိုထိုးရမလဲ။
၁။ ကာကွယ်ဆေးကို လက်မောင်းတွင်ထိုးရပါမည်။ အကောင်းဆုံးမှာ သင်သည်ညာသန်ဖြစ်လျှင် ဘယ်ဘက်လက်တွင်ကာကွယ်ဆေးထိုးခံသင့်ပါသည်။
၂။ လက်မောင်းပေါ် ဆေးထိုးမည့်နေရာကို ဆေးမထိုးမှီ အရက်ပျံဖြင့်သုတ်၍သန့်စေပါမည်။
၃။ ဆေးကို သင်၏ပုခုံး deltoid ကြွက်သားအတွင်းသို့ထိုးပါမည်။
၄။ ၂၁ ရက်ခြား နှစ်ကြိမ်ထိုးရန်လိုအပ်ပါသည်။ ဆေးအဖွဲ့သည် သင်ဒုတိယအကြိမ်ဆေးထိုးရမည့်ရက်ကို သင့်အားအသိပေးပါလိမ့်မည်။
ကာကွယ်ဆေးထိုးပြီး ဘာဖြစ်နိုင်ပါသလဲ။
ကာကွယ်ဆေးထိုးပြီးနောက် ဆေးတုံ့ပြန်မှုကိုသိရှိရန် အနားယူသည့်နေရာတွင် မိနစ် ၃၀ စောင့်ကြည့်ပါလိမ့်မည်။ ကျွန်ုပ်တို့၏ကျန်းမာရေးဝန်ထမ်းများသည် သင်၏ကျန်းမာရေးအခြေအနေအတွက်အဆင်သင့်ရှိနေပါမည်။
ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်ပါသလဲ။
လူတိုင်းသည် အောက်ပါဘေးထွက်ဆိုးကျိုးများကို ခံစားရလိမ့်မည်မဟုတ်သော်လည်း COVID-19 ဗိုင်းရပ် ဆန့်ကျင်ကိုယ်ခံစွမ်းအားတည်ဆောက်ရန် ခန္ဓာကိုယ်ရဲ့သဘာဝတုံ့ပြန်မှုဖြစ်သဖြင့် ခံစားရတတ်သည်ကို မျှော်လင့်ထားရပါမည်။ အများအားဖြင့် ဤဘေးထွက်ဆိုးကျိုးများကို Paracetamol သောက်သုံးခြင်းဖြင့် (၁) ရက် (၂) ရက်အတွင်း သက်သာနိုင်ပါသည်။
အဖြစ်အများဆုံး လက္ခဏာများ။
အဖြစ်နည်းသော လက္ခဏာများ။
အလွန်အဖြစ်နည်းသော လက္ခဏာများ။
ကာကွယ်ဆေးထိုးပြီး မိနစ် ၃၀ အတွင်း ဤဘေးထွက်ဆိုးကျိုးများဖြစ်နိုင်ပါသည်။ သင်၏ကျန်းမာရေးအခြေအနေကိုစစ်ဆေးရန် နှင့် သေချာစောင့်ကြည့်ဂရုစိုက်ရန် လိုအပ်နေသူမည်သူကိုမဆိုကူညီရန် ကျွန်ုပ်တို့၏ကျန်းမာရေးဝန်ထမ်းများသည်လုပ်ငန်းစဉ်တစ်လျှောက်လုံးတွင်ရှိနေပါမည်။ သင်သည် ဆိုးရွားသောတုံ့ပြန်မှုကိုခံစားရပါက ကျွန်ုပ်တို့၏ဝန်ထမ်းများကိုချက်ချင်းအကြောင်းကြားပေးပါ။
ကျွန်ုပ်တို့သည် ကာကွယ်ဆေးထိုးပြီး ပြင်းထန်သောတုံ့ပြန်မှုရှိမရှိကို မည်သို့သိရှိနိုင်မည်နည်း။
အခြားကာကွယ်ဆေးများနည်းတူ COVID-19 ကာကွယ်ဆေးထိုးခံသူသည် ပြင်းထန်သည့်ဓာတ်မတည့်ခြင်းတုံ့ပြန်မှုများကို ရှားရှားပါးပါးကြုံတွေ့ရနိုင်သည်။ COVID-19 ကာကွယ်ဆေးထိုးပြီးနောက် မိနစ်အနည်းငယ်မှတစ်နာရီအတွင်း ပြင်းထန်သည့်ဓာတ်မတည့်မှုဖြစ်ပွားနိုင်ပါသည်။
ပြင်းထန်သည့်ဓာတ်မတည့်မှုတုံ့ပြန်ခြင်းလက္ခဏာများတွင် –
အထက်ပါရောဂါလက္ခဏာတစ်ခုခုကို သင်ခံစားရပါက ဆေးကုသမှုချက်ချင်းပေးနိုင်ရန် ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို ဆက်သွယ်ပါ။